ရောက်ရှိလာတဲ့ ဘရာဇီးလ်ကြယ်ပွင့် ဂါဘရီယဲလ် နည်းပြအာတီတာလက်ထက်မှာ အာဆင်နယ်ရဲ့ ခံစစ်ထုထည်ပိုပြီးမာဂုဏ်မြင့်လာတယ်။ ဒေးဗစ်လူးဝစ်ဇ် ဦးဆောင်တဲ့ အာဆင်နယ်ခံစစ်ဟာ မျှော်လင့်ထားတာထက် ပိုပြီးတည်ငြိမ်နေတာပါပဲ။ ခံစစ်ကို အဓိကထားပြင်ဆင်နေတဲ့ အာတီတာက လိုင်လီက ဘရာဇီးလ်နောက်ခံလူ ဂါဘရီယဲလ်ကို ထပ်ပြီးခေါ်ယူလိုက်ပါတယ်။ ဂါဘရီယဲလ်က အာဆင်နယ်ခံစစ်မှာ အသင်းဖော် ဘရာဇီးလ်သား ဒေးဗစ်လူးဝစ်ဇ်လိုပဲ မရှိမဖြစ်ကစားသမားဖြစ်လာမလား စောင့်ကြည့်ရမယ်။