■ နေမဝင်သေးတဲ့ King Kazu

■ နေမဝင်သေးတဲ့ King Kazu
Published 9 September 2020

အသက် (၅၃)နှစ်အရွယ်ရောက်နေပေမယ့် King Kazu ရဲ့ ဘောလုံးသမားဘ၀ နေမဝင်သေး ဘူး။ သူက ဘောလုံးသမိုင်းတစ်လျှောက်အသက်အကြီးဆုံး ဂိုးသွင်းနိုင်သူအဖြစ် ဂရင်းနစ်စံချိန်တင်ထားပြီးပြီ။ ဒါပေမဲ့ သူ ဘောလုံးကစားချင်နေတုန်းပဲ။

နောက်ဆုံးအချိန်အထိ အရှုံးမပေးတတ်တာ ဂျပန်လူမျိုးတွေရဲ့ပြင်းထန်တဲ့စိတ်ထားပါပဲ။ King Kazu ဟာ အသက် (၅၃)နှစ်အရွယ်အထိဘောလုံးကစားပြရင်း ဂျပန်လူမျိုးတွေရဲ့ အရှုံးမပေးတတ်တဲ့စိတ်ဓာတ်ကို အကောင်းဆုံးသရုပ်ဖော်နေတယ်။