သက်ကြီးလူရွှင်တော်တွေရဲ့ဘဝကို ကျွန်တော်အသိဆုံးပါ၊ သူတို့ရှက်သွားမှာ၊ သိက္ခာကျသွားမှာဆိုးလို့သာ လိုင်းပေါ်မတင်ခဲ့တာဆိုပြီး စိတ်မကောင်းဖြစ်စရာဘဝတွေကိုပြောလာတဲ့ ဒိန်းဒေါင်
ဟာသ လူရွှင်တော် သရုပ်ဆောင် ဒိန်းဒေါင်ကတော့ သူ့အနေနဲ့ယခုနှစ်မှာလည်း (၁၀) ကြိမ်မြောက် သက်ကြီးလူရွှင်တော် ကန်တော့ပွဲကို အခက်အခဲတွေကြားထဲမှ အဆင်ပြေအောင်လုပ်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ သူနဲ့အတူ တခြားသော လူရွှင်တော်များမှလည်း ပါဝင်အားဖြည့်ကြပြီး ဒီနှစ်လှူဒါန်းနိုင်မှုက အရင်နှစ်တွေကထက်တောင်ပိုများနေလို့ဝမ်းသာပီတိဖြစ်ရတယ်လို့လည်းဆိုပါတယ်။ ကန်တော့ပွဲကိုမဖြစ်ဖြစ်အောင်စီစဉ်ဖြစ်ခဲ့ပြီး တချို့သောသက်ကြီးလူရွှင်တော်တွေရဲ့စိတ်မကောင်းဖြစ်စရာဘဝတွေနဲ့ ပတ်သက်လို့ အခုလိုပဲပြောပြခဲ့ပါတယ်။