မြန်မာ့ရုပ်ရှင်နှစ်တစ်ရာပြည့်အခမ်းအနားဖွင့်ပွဲကို အကျဉ်းချုံးပြီး ပြည်သူ့ရင်ပြင်မှာပြုလုပ်ရန်စီစဉ်
လာမယ့် အောက်တိုဘာလ ၁၃ရက်နေ့မှာ ကျရောက်မယ့် မြန်မာ့ရုပ်ရှင် နှစ် (၁၀၀)ပြည့်အခမ်းအနား ကို ပြည် သူ့ရင်ပြင်မှာ ဖွင့်ပွဲအနေနဲ့ကျင်းပမှာဖြစ်ပြီး နိုင်ငံတော်အကြီးအကဲများလဲတက်ရောက်ဖွင့်လှစ်ပေးဖို့ရှိတယ်လို့ သိရပါတယ်။ကိုဗစ်ဒုတိယလှိုင်းဖြစ်ပွားစဉ်အချိန်မှာ ရာပြည့်ပွဲတွေကို အကျဉ်းချုံးပြီး ကျင်းပမှာဖြစ်ကာ အမှတ်တရအနေနဲ့ ပြုလုပ်သွားမယ့်အစီအစဉ်တွေအကြောင်းကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌ ဦးညီညီ ထွန်းလွင်က ခုလိုပြောပြခဲ့ပါတယ်။