ကိုခါရာကိုကျောင်းတက်ကတည်းက ဒီမင်းသားချောတယ်ဆိုပြီး အပြင်ပန်းအနေနဲ့ အားပေးခဲ့ပေမယ့် အလုပ်တွဲ လုပ်မှသိရတဲ့ သူ့ရဲ့ ကြိုးစားမှု၊ ပြုပြင်လိုမှုတွေက ပိုအထင်ကြီးမိစေတယ် ဆိုတဲ့ မြတ်နိုးအေး
လိပ်ပြာဇာတ်ကားရိုက်ရင်းမှ တစ်ယောက်အကြောင်းတစ်ယောက်သိပြီး ခင်မင်လာကြတဲ့ သရုပ်ဆောင်ခါရာနဲ့ မြတ်နိုးအေးတို့နှစ်ယောက်အမြဲလိုလို တိုင်ပင်ဖြစ်ကြတဲ့အရာတွေအကြောင်း ၊ ကျောင်းတက်စဉ်ကတည်းက ခါရာကို အားပေးခဲ့တဲ့အကြောင်းတွေနဲ့ တစ်ယောက်အကြောင်းတစ်ယောက်သိမှ အစားပုတ် အအိပ်ပုတ် တဲ့အကြောင်း သိလာရတယ်ဆိုတဲ့ သူတို့နှစ်ယောက်ရဲ့ ခင်မင်မှုစတင်ခဲ့ ပုံတွေကို ခုလိုပြောပြခဲ့ကြပါတယ်။