- ၂၀၂၀-၂၁ ပရီးမီးယားလိဂ်ရာသီသစ်အတွက် ချယ်လ်ဆီးပရိသတ်တွေ အရမ်းစိတ်လှုပ်ရှားနေကြပါတယ်။ အဲဒီလို စိတ်လှုပ်ရှားလောက်အောင်လည်း ချယ်လ်ဆီအသင်းရဲ့ ဒီနှစ်နွေ ရာသီအပြောင်းအရွှေ့ဈေးကွက် လှုပ်ရှားမှုတွေက ဆွဲဆောင်ထားတာပါ။ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် အသင်းတိုင်း ဘဏ္ဍာရေးပြဿနာတွေနဲ့ ကြုံတွေ့နေရပေမယ့် ချယ်လ်ဆီးအသင်းကတော့ နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ပေါင်သန်း (၂၀၀)ကျော် အသုံးပြုထားပြီး ခေါ်ယူထားတဲ့ ကစားသမားတွေထဲမှာ ဟာဗက်ဇ်၊ ဇီယာ့ရှ်၊ တီမိုဗာနာ၊ ဘင်ချီဝဲလ်၊ သီယာဂိုဆေးလ်ဗားတို့လို ထိပ်တန်းကစားသမားတွေ ပါဝင်နေတာကြောင ့် ရာသီသစ်အတွက် ချယ်လ်ဆီးပရိသတ်တွေရဲ့ မျှော်လင့်ချက်က ပြီးခဲ့တဲ့ရာသီကထက် မြင့်မားနေတာပါ။
- ချယ်လ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်ဟာ ဒီနှစ်နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ပေါင်သန်း (၂၀ဝ)ကျော်အသုံးပြုရင်းနဲ့ လမ်းပတ်ရဲ့ ပခုံးပေါ် ဖိအားတွေ တင်ပေးလိုက်ပါပြီ။ ဒါက ချယ်လ်ဆီးအသင်း ကို ချန်ပီယံဆုတွေ စိန်ခေါ် ဖို့အတွက် ဖြစ်ပြီး လမ်းပတ်အနေနဲ့ အသင်းပိုင်ရှင် သူ့ပခုံးပေါ် ရောက်လာတဲ့ ဖိအားတွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတာကတော့ ....