ဇန်နဝါရီလ (၄) ရက်နေ့ ၊ အားကစားသတင်းအစီအစဉ်
■ ပေါ့ဘာအနေဖြင့် လူအများထင်မှတ်ထားသလောက်ကောင်းမွန်ခြင်းမရှိသေးဘဲ ဒီဘရိုင်းနားလိုအဆင့်အတန်းမျိုးကို မရောက်သေးဟု ဘယ်လာမီမှတ်ချက်ပေး
■ မက်ဆီက မာရာဒိုနာလောက်နီးပါးကောင်းသူဖြစ်သော်လည်း ပီလီလိုစွယ်စုံရကစားသမားနှင့်နှိုင်းယှဉ်ရန် လုံးဝမဖြစ်နိုင်ဟု ဘရာဇီးလ်ဂန္ထဝင်ဇစ်ကိုပြော
■ လက်ရွေးစင်အသင်းနှင့်အာရှဖလားပွဲကစားရမည်ဖြစ်၍ စပါးအတွက်ချန်ပီယံတိုက်ပွဲအရေးကြီးချိန်တွင် အသင်းနှင့်အတူမရှိနိုင်မည့်အပေါ် စိတ်မကောင်းဖြစ်မိသည်ဟု ဆွန်ယောင်မင်ဖွင့်ဟ
■ ဒူးဒဏ်ရာသက်သာခြင်းမရှိသဖြင့် ကစားသမားဘဝမှအနားယူရန် ကျော်မင်းဦးစဉ်းစားနေ
■ မက်ဂရီဂေါ်နှင့်ခါဘစ်တို့၏မကျေပွဲကို ယခုနှစ်အတွင်းထိုးသတ်ဖွယ်ရှိဟု UFC ဥက္ကဌဒါနာဝှိုက်ပြော