■ ယူနိုက်တက်ရဲ့ ပျောက်ဆုံးနေတဲ့ နိဗ္ဗာန်ဘုံ

■ ယူနိုက်တက်ရဲ့ ပျောက်ဆုံးနေတဲ့ နိဗ္ဗာန်ဘုံ
Published 29 September 2020

ယူနိုက်တက်ရဲ့ တစ်ချိန်တုန်းက နိဗ္ဗာန်ဘုံကရော မီးတောင်သေတစ်ခုလို ငြိမ်သက်နေရပြီလား၊ ဆာအဲလက်စ်ဖာဂူဆန်ခေတ်လွန် ရင်မောကာလတွေကရော အဆုံးမသတ်တော့ဘူးလား။ ဆာအဲလက်စ်ဖာဂူဆန်ခေတ်လွန် ဖြတ်သန်းစီးဆင်းခဲ့သမျှ နည်းပြတွေ၊ ဘယ်သူကမှ ယူနိုက်တက်ရဲ့ DNA ကို ပြန်လည်အဖတ်မဆယ်နိုင်၊ ဘယ်သူကမှ ယူနိုက်တက်ရဲ့ ယဉ်ကျေးမှုနဲ့ စိတ်ဝိညာဉ်တွေကို ပြန်လည်အသက်မသွင်းနိုင်၊ ဒီလိုနဲ့ ယူနိုက်တက်ရဲ့ ထည်ဝါမှုဟာ အရည်ပျော်၊ ယူနိုက်တက်ရဲ့ ပျောက်သောလမ်းမှာ စမ်းတဝါးဝါးဇာတ်လမ်းဟာ ရှည်ကြာ၊ တရွေ့ရွေ့ဝေးကွာသွားတာ နိဗ္ဗာန်ဘုံလေးသာမဟုတ်၊ ယူနိုက်တက်ဟာ မန်စီးတီး၊ လီဗာပူးလ်တို့ရဲ့ မာဂုဏ်တွေနဲ့ တရွေ့ ရွေ့ဝေးကွာသွားပုံများ။

ဘရိုက်တန်ကို အနိုင်ရတာ ပျော်ရွှင်စရာလား၊ ဂုဏ်ယူစရာလား၊ ရာသီသစ်ရဲ့ ပထမဆုံးနိုင်ပွဲဖြစ်တာ၊ ရပ်ရှ်ဖို့ဒ်ရဲ့ တစ်ကိုယ်တော်လှည့်ဖျားမှုတွေနဲ့ သွင်းဂိုးတစ်ဂိုးမြင်လိုက်ရတာ၊ နောက်ဆုံးမိနစ်အထိ အလျှော့မပေးလိုတဲ့ ပြင်းပြစိတ်ဓာတ် ခပ်ရေးရေးလေး မြင်လိုက်ရတာ၊ တည်ငြိမ်သူ ခေါင်းဆောင်ကြီး မက်ဂွိုင်းယားရဲ့ ပေါက်ကွဲမှု မြင်လိုက်ရတာ၊ ယုန်တစ်ကောင်လို ဒူးထောက်ရပြီးမှ ကျားရဲတစ်ကောင်လို အောင်ပွဲခံခွင့်ရတဲ့ ဘရူနိုဖာနန်ဒက်စ်ကိုမြင်လိုက်ရတာ၊ ဒါတွေဟာ ရူးသွပ်ချင်စရာမျိုးမဟုတ်လား။ ဒါပေမဲ့ ဘရိုက်တန်ကို အနိုင်ရတာပျော်ရွှင်စရာလား၊ ဂုဏ်ယူစရာလား၊