၂၀၁၈ ခုနှစ်အတွင်းမှာ စီးပွားရေးကဏ္ဍမှာ လုပ်ငန်းရှင်တွေနဲ့ အများပြည်သူကြားထဲမှာ ရေပန်းစားထင်ရှား ကျော်ကြားခဲ့တဲ့ အကြောင်းအရာကတော့
■ သမိုင်းတလျှောက် စံချိန်တင်ရွှေစျေး တစ်ကျပ်သား ကျပ် ၁,၀၅၀,၀၀၀ နီးပါ းမြင့်တက်လာခဲ့တာ၊ မြန်မာကျပ်ငွေတန်ဖိုးဆက်တိုက်ကျဆင်းနေမှုတွေဖြစ်ခဲ့ပါတယ်။
■ စက်သုံးဆီစျေး တစ်ဂါလံ ကျပ် ၅၀၀၀ နီးပါးအထိမြင့်တက်ခဲ့မှု၊ ပြည်ပရင်းနှီးမြှုပ်နှံမှု ဝင်ရောက်တဲ့ အခြေအနေထင်သလောက်မတိုးလာတဲ့အနေအထားတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။
ဒီလိုဖြစ်ပေါ်ခဲ့တဲ့ ထူးခြားဖြစ်စဉ် အကြောင်းအရာတွေကိုရွေးချယ်ပြီး စီးပွားရေးလုပ်ငန်းရှင်တွေ၊ ပညာရှင်တွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ သုံးသပ်ချက်တွေကို Eleven Broadcasting က မေးမြန်း တင်ဆက်ထား ပါတယ်။