Tune Up To Vote 2020 ပြိုင်ပွဲဝင်သီချင်းတွေက ပါတီတစ်ခုခုကို promote လုပ်မယ့်စာသားတွေမပါဘဲ လူငယ်တွေမဲပေးချင်အောင် တိုက်တွန်းတဲ့အကြောင်းတွေပဲဖြစ်ရပါမယ်ဆိုတဲ့ အကဲဖြတ်ဒိုင် Ar -T
Tune Up To Vote 2020 ဂီတဖန်တီးမှုပြိုင်ပွဲမှာ အကဲဖြတ်ဒိုင်တစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်သွားမယ့်အဆိုတော် Ar - T ကတော့လူငယ်တွေရဲ့မဲဆန္ဒတွေက နိုင်ငံအတွက်အရေးပါတာကြောင့် ပထမဆုံးအကြိမ်မဲပေးရမယ့် လူငယ်တွေကို ဒီပြိုင်ပွဲကနေတစ်ဆင့် အများကြီးလှုံ့ ဆော်နိုင်မယ်လို့ ထင်တယ်လို့ဆိုပါတယ်။ အဆိုပါ ဂီတဖန်တီးမှုပြိုင်ပွဲအတွက် သီချင်းတွေကိုတော့ အောက်တိုဘာလ ၉ရက်နေ့အထိပေးပို့ ယှဉ်ပြိုင်နိုင်မှာဖြစ်ကာ အကဲဖြတ်ဒိုင်တွေမှ ဆန်ကာတင် ၁၀ယောက်ကိုရွေးချယ်ပေးမှာဖြစ်တယ်လို့ ပြိုင်ပွဲနဲ့ပက်သက်တဲ့ အကြောင်းအရာတွေကို အဆိုတော် Ar -T ကခုလိုပြောပြခဲ့ပါတယ်။