တရုတ်နိုင်ငံ၏ အာဇာနည်နေ့အခမ်းအနားကို သမ္မတရှီကျင်းပင်နှင့် အခြားထိပ်တန်း တာဝန်ရှိသူများ တက်ရောက်
တရုတ်နိုင်ငံရဲ့ အာဇာနည်နေ့အထိမ်းအမှတ်အခမ်းအနားကို ပေကျင်းမြို့ရှိ တီယန်မင်ရင်ပြင်မှာ စက်တင်ဘာ ၃၀ ရက်နေ့က ပြုလုပ်ခဲ့ရာမှာ သမ္မတ ရှီကျင်းပင်နဲ့ တခြား ထိပ်တန်းတာဝန်ရှိသူတွေ တက်ရောက်ခဲ့ပြီး ကျဆုံးသွားခဲ့တဲ့ နိုင်ငံ့သူရဲကောင်းတွေ ကို အောက်မေ့ဂုဏ်ပြုကာ ပန်းခွေချခဲ့တယ်လို့ သိရပါတယ်။