အမျိုးသား ပြန်လည်သင့်မြတ်ရေးဖြင့်သာ ငြိမ်းချမ်းရေးနှင့် လူသားမျိုးနွယ် ဆက်လက်ရှင်သန်ရေး ပြဿနာကို အခြေခံကျကျနှင့် အပြီးသတ်ဆုံးခန်းတိုင် ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း NLD ပါတီဆို
အမျိုးသား ပြန်လည်သင့်မြတ်ရေးဖြင့်သာ ငြိမ်းချမ်းရေးနဲ့ လူသားမျိုးနွယ် ဆက်လက်ရှင်သန်ရေး ပြဿနာကို အခြေခံကျကျနဲ့ အပြီးသတ်ဆုံးခန်းတိုင် ဖြေရှင်းနိုင်မှာဖြစ်တယ်လို့ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဌာနချုပ်မှာ ပြုလုပ်တဲ့ ၇၁နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားမှာ NLD ပါတီက ကြေညာချက် ထုတ်ခဲ့ပါတယ်။