ပရီးမီးယားလိဂ်ရဲ့ နွေရာသီစိတ်ကူးများ အဆုံးသတ်ချိန် (Sports Feature)

ပရီးမီးယားလိဂ်ရဲ့ နွေရာသီစိတ်ကူးများ အဆုံးသတ်ချိန် (Sports Feature)
Published 6 October 2020

ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းရှိနေပေမယ့် ပရီးမီးယားလိဂ်ရဲ့ နွေရာသီကစားသမားခေါ်ယူမှုအသုံးစရိတ်ဟာ ပေါင် (၁)ဘီလီယံကျော်လွန်ခဲ့ပြန်ပြီး ပေါင် (၁ .၂၁၈) ဘီလီယံအထိ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အပြောင်းအရွှေ့ကာလနောက်ဆုံးရက် (Deadline Day) ကစားသမားခေါ်ယူမှုဟာ (၁၂)ခုသာရှိခဲ့ပြီး ၂၀၁၄ ခုနှစ်နောက်ပိုင်း ကစားသမားခေါ်ယူမှုအနည်းဆုံး Deadline Day ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ အကျိုးအရှိဆုံးခေါ်ယူမှုကို ဘယ်အသင်းလုပ်နိုင်ခဲ့လဲ။

■ ကာဗာနီ၊ တဲလက်စ်၊ ဗန်ဒယ်လ်ဘိခ်တို့နဲ့ မန်ချက်စတာယူနိုက်တက်ပရိသတ်တွေကို အက်ဝုဒ်ဝက်ဒ် နှစ်သိမ့်ခဲ့တာလား။ အဆိုးနွံထဲကနေ မန်ချက်စတာယူနိုက်တက် ရုန်းထွက်နိုင်မှာလား။

■ ပေါင်သန်း (၂၀၀)ကျော်သုံးခဲ့တဲ့ ချယ်လ်ဆီးရဲ့ မျှော်လင့်ချက်တွေ ဘယ်လိုဖြစ်လာမလဲ။

■ ခံစစ်အတွက် ပြင်လို့မဆုံးသေးတဲ့ မန်စီးတီးက ပရီးမီးယားလိဂ်ကို လွှမ်းမိုးနိုင်ပါဦးမလား။

■ ဟာမီစ်ရိုဒရီဂွက်ဇ်ကို ခေါ်ယူပြီး ရာနှုန်းပြည့်အောင်ပွဲတွေနဲ့ ချီတက်နေတဲ့ အဲဗာတန်က ဘယ်လောက်အမြင့်ပျံနိုင်မလဲ။

■ သီယာဂို၊ ယိုတာတို့ကို ခေါ်ယူခဲ့တဲ့ လီဗာပူးလ်က ပိုပြီးတိုးတက်လာမှာလား။ ■ ဘေးလ်နဲ့ ရယ်ဂီလွန်အပါအဝင် ကစားသမားကောင်းတွေ ခေါ်ယူခဲ့တဲ့ မော်ရင်ဟိုရဲ့ စပါးက ပရီးမီးယားလိဂ်ချန်ပီယံဆု မျှော်လင့်ခွင့်ရှိပြီလား။

■ Deadline Day မှာ ရောက်ရှိလာတဲ့ ပါတေးက အာဆင်နယ်အတွက် သူရဲကောင်းအသစ်လား။