အောက်တိုဘာလ ၈ ရက်နေ့ နံနက်ခင်း သတင်းအစီအစဉ်
■ ကိုဗစ်အတည်ပြုလူနာသစ် ၁၄၀၀ ဦး စံချိန်တင်တွေရှိခဲ့ပြီး သေဆုံးသူ ၃၉ ဦးထပ်တိုးကာ မြန်မာနိုင်ငံတွင် ကိုဗစ်ကြောင့်သေဆုံးသူ စုစုပေါင်း ၅၁၀ ဦး ရှိပြီဖြစ်
■ COVID-19 ရောဂါ ကာကွယ်ရေးကို သာမန်စဉ်းစား၍ မရဘဲ အသက်မသေရေးသာမက ရပ်တည်ရေးအတွက်ပါ စဉ်းစားရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား
■ ရန်ကုန်တိုင်းမှ ပြန်လည်ထွက်ခွာမည့် အဝေးပြေး ကုန်တင်ယာဉ်များမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ COVID-19 ရောဂါပိုး ရှိ မရှိ စစ်ဆေးမှု စတင်ပြီး လတ်တလောတွင် ပိုးကူးစက်ခံရသူ ရှစ်ဦးတွေ့ရှိထား
■ ကော့မှူးမြို့နယ်တွင် ရွေးကောက်ပွဲယှဉ်ပြိုင်မည့် UNDP ပါတီကိုယ်စားလှယ်လောင်းများ၏ ဆိုင်းဘုတ်ကို မြို့နယ်စည်ပင်က COVID အကြောင်းပြချက်ဖြင့် စိုက်ထူခွင့်မပေးသေးဟုဆို
အစရှိတဲ့ သတင်းတွေ ပါဝင်ပါတယ်