“ကချင်ပြည်နယ် ပြည်သူ့ပါတီအနေဖြင့် ကချင်ပြည်နယ်မှာ အဓိကကျတဲ့ မြစ်ဆုံစီမံကိန်း အပြီးတိုင် ရပ်ဆိုင်းရေးကို အထူးကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်တယ်”
“ကချင်ပြည်သူ့ပါတီနှင့် ရည်ရွယ်ချက်တူ ၊ မူဝါဒတူညီတဲ့ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မှ တိုင်းရင်းသားပါတီများဖြင့်လည်း အတူတကွ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်”
ဒေါ်ဒွဲဘူ (ဒုဥက္ကဋ္ဌ-၁)
ကချင်ပြည်နယ်ပြည်သူ့ပါတီ
ကချင်ပြည်နယ် ပြည်သူ့ပါတီမှ ၂၀၂၀ ရွေးကောက်ပွဲတွင် ၆၇ နေရာ ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ကချင်ပြည်နယ် လွှတ်တော်မှာ ၃၅ နေရာ ၊ အမျိုးသားလွှတ်တော်မှာ ၁၂ နေရာနှင့် ပြည်သူ့လွှတ်တော်မှာ ၁၈ နေရာ ဝင်ရောက် ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။