မုန်တိုင်းသင့် ဒေသများ ပြန်လည်ထူထောင်ရေးအတွက် သောင်းနှင့်ချီသည့် အိမ်ခြေအသစ်များ တည်ဆောက်ပေးမည်ဟု ကင်ဂျုံအန် ကတိပြု
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က တိုင်ဖွန်းမုန်တိုင်းဒဏ် ခံခဲ့ရတဲ့ ဒေသတွေ ပြန်လည်ထူထောင်ရေးကို အကူအညီပေးသွားမှာဖြစ်ပြီး လာမယ့် ၅နှစ်အတွင်း အိမ်ခြေ ၂သောင်း ၅ထောင်ထက် မနည်း တည်ဆောက်ပေးဖို့ ကတိပြုခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်သံက အောက်တိုဘာ ၁၄ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။