ကန့်ကွက်ဆန္ဒပြမှုများကို ပိတ်ပင်သည့် အရေးပေါ်အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် ထိုင်းရဲများက ဆန္ဒပြလူအုပ်ကို လူစုခွဲ
လူအများအပြားစုဝေးခြင်းနဲ့ ကန့်ကွက်ဆန္ဒပြမှုတွေအရှိန်မြင့်တက်လာစေတဲ့ ထိရှလွယ်တဲ့သတင်းတွေ ဖြန့်ဝေခြင်းတို့ကို ပိတ်ပင်တဲ့ အရေးပေါ်အမိန့်ကို ထုတ်ပြန်လိုက်တာကြောင့် ထိုင်းအဓိကရုဏ်းနှိမ်နင်းရေးရဲတွေဟာ အောက်တိုဘာ ၁၅ရက်နေ့ စောစောပိုင်းမှာ ဝန်ကြီးချုပ်ရုံး အပြင်ဘက်က ကန့်ကွက်ဆန္ဒပြသူ အများအပြားကို လူစုခွဲခဲ့ပါတယ်။