အတိုက်အခံခေါင်းဆောင် 'အန်ဝါ' ဝန်ကြီးချုပ် ဖြစ်လာသည့်တိုင် မလေးရှားနိုင်ငံ၏ နိုင်ငံရေးမရေရာမှုများအဆုံးသတ်သွားမည် မဟုတ်ဟုမဟာသီယာပြော
မလေးရှားအတိုက်အခံခေါင်းဆောင် အန်ဝါ အီဘရာဟင်ဟာ ဝန်ကြီးချုပ် ဖြစ်လာဖို့အတွက် ပါလီမန်မှာထောက်ခံမှု အများစုကို ရရှိထားတယ်ဆိုတဲ့အပေါ် သံသယဝင်မိကြောင်းနဲ့ ၎င်းဝန်ကြီးချုပ် ဖြစ်လာရင်တောင် တိုင်းပြည်ဟာ နိုင်ငံရေးအကျပ်အတည်းနဲ့ ဆက်ပြီးရင်ဆိုင်နေရဦးမှာ ဖြစ်တယ်လို့ မလေးရှား ဝန်ကြီးချုပ်ဟောင်းမဟာသီယာမိုဟာမက်ကပြောပါတယ်။