■ ဂိုးသွင်းယူပြီးတဲ့အခါ ဘရူနိုဖာနန်ဒက်စ်ဟာ နားရွက်နှစ်ဖက်ကို လက်နဲ့ဖုံးအုပ်ပြီး အောင်ပွဲခံလေ့ရှိတယ်၊ ဘရူနိုဖာနန်ဒက်စ်ရဲ့ အောင်ပွဲခံဟန်ဟာ သုံးနှစ်အရွယ်သမီးဖြစ်သူရဲ့ စိတ်ကောက်ပုံကနေ ဆင်းသက်လာတာပါပဲ။ သမီးဖြစ်သူရဲ့ စိတ်ကောက်ပုံဟာ ဘရူနိုဖာနန်ဒက်စ်ရဲ့ နှလုံးသားထဲ စွဲမြဲခဲ့၊ သမီးဖြစ်သူရဲ့ စိတ်ကောက်ပုံအတိုင်း ဂိုးသွင်းပြီးတဲ့အခါ ဘရူနိုဖာနန်ဒက်စ်ဟာ နားရွက်နှစ်ဖက်ကို လက်နဲ့ဖုံးအုပ်လို့။
■ ဘရူနိုဖာနန်ဒက်စ်ရဲ့ စိတ်ကူးယဉ်အိပ်မက်က မန်ချက်စတာယူနိုက်တက်မှာ ကစားချင်တာ၊ စီရော်နယ်လ်ဒိုလို ပေါ်တူဂီဂုဏ်ဆောင်ချင်တာ။ တစ်နေ့မှာ ကမ္ဘာ့ဖလားချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ရင်၊ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဂိုးသွင်းနိုင်ခဲ့ရင် နားရွက်နှစ်ဖက်ကို လက်နဲ့အုပ်ပြီး ဘရူနိုဖာနန်ဒက်စ် အောင်ပွဲခံချင်နေ၊ ဒါဟာ ဘရူနိုဖာနန်ဒက်စ်ရဲ့ နောက်ထပ် စိတ်ကူးယဉ်အိပ်မက်။