■ တချို့တွေက ပြည်သူကြားထဲမှာစည်းရုံးရေးမဆင်းဘူး ပြည်သူတွေရဲ့စိတ်နှလုံးကိုဆွဲဆောင်မှု ဘာမှ မကြိုးစားပဲနဲ့ NLDကို ဘယ်လိုအပြစ်ရှာရမလဲဆိုတာပဲ ကြည့်ပြီးလုပ်နေကြတယ်။
■ အာဏာရှင်စနစ်ကနေပြီး လုံးဝဒီမိုကရေစီစနစ်ဖြစ်အောင်လုပ်နေတာ၊ ဒီလုပ်ငန်းမပြီးသေးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ်နိုင်ဖို့လိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည် (ဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
အောက်တိုဘာလ ၁၉ရက်နေ့က ပြုလုပ်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်ဒေသခံပြည်သူများ၏ အွန်လိုင်းစကားဝိုင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည်များမှ ထုတ်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။