တေးသံရှင်၊ သရုပ်ဆောင် ဦးရန်ပိုင်စိုးကတော့ ဒီကနေ့ အောကွတိုဘာလ ၂၁ ရက်နေ့ မနက် ၁၁ နာရီမှာ ကိုဗစ်ရောဂါနဲ့ကွယ်လွန်သွားပြီလို့သိရပါတယ်။ နှစ်ရှည်လများစွာ အနုပညာလောကထဲမှာ အတူတူဖြတ်သန်းခဲ့တဲ့ ဟာသသရုပ်ဆောင် ဦးအရိုင်းကတော့ ဒီသတင်းကိုကြားကြားခြင်းမှာပဲ ဘာမှမပြောတတ်လောက်အောင်ဖြစ်ခဲ့ရသလို ဦးရန်ပိုင်စိုး ကိုဗစ်ဖြစ်နေတယ်လို့သိလိုက်ရတဲ့အချိန်မှာ ကျန်းမာရေးအခြေအနေတွေမေးမြန်းခဲ့သလို နေပြန်ကောင်းလာခဲ့ရင်လည်း အရင်လို စစနောက်နောက်ရှိကြမယ်လို့ စိတ်ကူးထားကာမှ ရုတ်တရက်ကြီး ကွယ်လွန်သွားတဲ့အတွက် ပြောမပြတတ်အောင်ဝမ်းနည်းရတယ်လို့ဆိုပါတယ်။ ဦးရန်ပိုင်စိုးနဲ့ နောက်ဆုံးတွေ့ဖြစ်ခဲ့တဲ့အကြောင်းတွေ၊ ပြောဖြစ်ခဲ့တဲ့စကားနဲ့ အမှတ်တရတွေကိုတော့ ဦးအရိုင်းက အခုလိုပဲပြန်ပြောပြခဲ့ပါတယ်။
"ဒီလူကြီး နေပြန်ကောင်းလာမှ စ ဦးမယ်၊ နောက်ဦးမယ်"ကြံထားကာမှ အခုတော့ ပြောချိန်တောင်မှမရလိုက်သလို၊ တွေ့လည်းမတွေ့ရတော့ဘူးဆိုပြီး တေးသံရှင် ရန်ပိုင်စိုး ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းစကားပြောလာတဲ့ ဦးအရိုင်း