“တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို လုံးဝပိတ်ပင်ပြီးတော့မှ ရှုံးနိုင်မယ့်နေရာတွေကို ပယ်ဖျက်ခြင်းကဂုဏ်သိက္ခာမဲ့တဲ့လုပ်ရပ်လို့ ရွေးကောက်ပွဲကော်မရှင်ကိုပြောချင်တယ်”
“အမှန်တကယ်ဆိုရင် ဒီနေရာတွေက အာဏာရပါတီ ရှုံးနိုင်တဲ့နေရာတွေဖြစ်တဲ့အတွက် ပယ်ဖျက်တာလို့ကျွန်မတို့မြင်တယ်”
■ ဒေါ်နော်အုန်းလှ(ကိုယ်စားလှယ်လောင်း)
ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ(UNDP)
နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဒေါ်နော်အုန်းလှမှာ ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးနေရာအတွက် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ(UNDP) ကိုယ်စားပြုပြီး ၂၀၂၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။