အမေ့ဆိုင်ခန်းမှာကူညီရင်းသီတင်းကျွတ်ကာလအမှတ်တရကိုပြန်ပြောပြလာတဲ့ အောင်ရဲထိုက်

အမေ့ဆိုင်ခန်းမှာကူညီရင်းသီတင်းကျွတ်ကာလအမှတ်တရကိုပြန်ပြောပြလာတဲ့ အောင်ရဲထိုက်
Published 27 October 2020

သရုပ်ဆောင် အောင်ရဲထိုက်ကတော့ တစ်နှစ်ပတ်လုံး သူလုပ်ချင်တဲ့ အနုပညာအလုပ်တွေကိုလုပ်ကိုင်ခဲ့ရလို့ အမေကိုကူဖို့မအားခဲ့ပေမယ့် သီတင်းကျွတ် ရေကျော်ပွဲဈေးကာလရောက်ပြီဆိုရင်တော့ ပွဲဈေးမှာဆိုင်ထွက်တဲ့ အမေ့ကို ကူညီပြီး လုပ်အားပေးရင်း ဖြတ်သန်းဖြစ်တယ်လို့ဆိုပါတယ်။ ဒီနှစ်တော့ ပွဲဈေးလည်းမရှိတာကြောင့် အမေကိုမကူညီနိုင်တော့တဲ့အတွက် စိတ်မကောင်းဖြစ်နေပေမယ့်လည်း အရင်နှစ်က ဆိုင်ခန်းမှာလုပ်အားပေး စားပွဲထိုးနေရင်း ပရိသတ်တွေနဲ့တွေ့ဆုံတဲအခါမှာ ဖြစ်သွားတဲ့ ထူးခြားတဲ့ခံစားချက်လေးတွေကို အခုလိုပဲပြောပြခဲ့ပါတယ်။ 
 

Most Viewed

Most Recent