ဘာစီလိုနာမှာ ဂွါဒီယိုလာဟာ တီကီတာကာကစားဟန်ကို အမွေဆက်ခံခွင့်ရပြီး ပိုပြီးကြီးကျယ်ခမ်းနားအောင် ထုဆစ်ပေးခဲ့၊ ပါရမီရှင်မက်ဆီရဲ့ အလင်းပဆုံးကာလတွေနဲ့အတူ ဂွါဒီယိုလာဟာ ဘာစီလိုနာတစ်ခေတ်ကို တည်ထောင်ပေးခဲ့ပေါ့။ မန်စီးတီးအသင်းပိုင်ရှင်တွေလည်း ဂွါဒီယိုလာနဲ့အတူ ဘာစီလိုနာလို အိပ်မက်မျိုးမက်ခဲ့တယ်။ မက်နေဆဲပဲ၊ ဥရောပကို လွှမ်းမိုးနိုင်မယ့်အိပ်မက်ဟာ အဘူဒါဘီရဲ့ မိုးမျှော်အိပ်မက်ပဲ။
လက်ရှိအချိန်ဟာ Comfort zone ထဲကနေ ဂွါဒီယိုလာ လွင့်စင်ထွက်သွားချိန်ပါပဲ။ အကျပ်အတည်းကာလမှာ သူ ဘယ်လောက်စွမ်းသလဲဆိုတာ သက်သေပြရတော့မယ်။ အရင်တုန်းက အသင်းတစ်သင်းကို အကျပ်အတည်းကာလကနေ လွန်မြောက်စေပြီး ပြန်လည်တည်ထောင်ပေးခဲ့တာမျိုး ဂွါဒီယိုလာ မလုပ်ဖူးဘူး။