EU ကပေးသော GSP/ EBA အခွင့်အရေးကြောင့် လူတစ်ထောင်တွင် ၆ ဦးစီအလုပ်ရနေပြီး လာရောက် ရင်းနှီးမြှုပ်နှံလိုသူ အများအပြားရှိနေခြင်းဖြစ်ဟု MIC အတွင်းရေးမှူးဦးအောင်နိုင်ဦးပြောကြား
ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ်ပေးထားတဲ့ GSP/ EBA ကုန်သွယ်မှု အခွန်ကင်းလွတ်ခွင့် ပေးထားတာကြောင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာကာ အလုပ်အကိုင်အခွင့်အလမ်း များလာပြီး လူတစ်ထောင်မှာ ၆ ဦးစီအလုပ်ရနေကာ ရင်းနှီးမြှုပ်နှံမှုလုပ်လိုတဲ့ စက်ရုံတွေ အများအပြားရှိနေတယ်လို့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွန်ကြားမှုဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားပါတယ်။