“လူငယ်တွေရဲ့ အခန်းကဏ္ဍ ပိုပြီးဖွံ့ဖြိုးလာတယ်လို့ ပြောရမယ်။ ကျွန်မတို့ ဘယ်လောက်လုပ်နိုင်လဲဆိုတာကို သိဖို့အတွက် လုပ်ခွင့်ပေးမှလည်းရမှာကိုး၊ အဲဒီတော့ လူငယ်တွေကို လွှတ်တော်ထဲရောက်တဲ့အထိ တာဝန်ပေးကြည့်ပါ၊ မဲပေးရွေးချယ်ပါ။ လူငယ်တွေရဲ့ အရည်အချင်း၊ ကိုယ့်နိုင်ငံအတွက် ကိုယ့်မိဘပြည်သူအတွက် ဘယ်လောက်အလုပ်လုပ်ပေးနိုင်လဲဆိုတဲ့ အရည်အချင်းတွေကို ဆန်းစစ်တဲ့အနေနဲ့ အခွင့်အရေးပေးတဲ့အနေနဲ့ လူငယ်တွေကို မဲပေးရွေးချယ်ပါလို့ပြောချင်ပါတယ်။
ဒေါ်ဟန်ဦးခင် (ပြည်သူ့ရှေ့ဆောင်ပါတီ၊ လွှတ်တော်ကိုယ်စားလှယ်လောင်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သင်္ဃန်းကျွန်းမဲဆန္ဒနယ် အမှတ် - ၂ )