"Covidကာလမှာ အလုပ်တွေမလုပ်ရလို့ စိတ်ဓါတ်တော့ ကျမသွားစေချင်ဘူး"ဆိုပြီး သူမကိုယ်တိုင်လည်း အရင်လောက် အနုပညာအလုပ်တွေမလုပ်ရတဲ့အခါမှာ ဖြစ်ခဲ့တဲ့ခံစားချက်တွေကိုပြောပြလာတဲ့ ဟန်တီ
အလှမယ်၊ သရုပ်ဆောင် ဟန်တီ ကတော့ ဒီကာလက သူမအတွက် ပညာတွေအများကြီးရစေခဲ့ပြီး အရင်က အနုပညာအလုပ်တွေကိုပဲဖိလုပ်ခဲ့တော့ ပညာရေးပိုင်းမှာအဆက်အသွယ်ပြတ်ခဲ့ရတာတွေရှိပေမယ့် အခုတော့ ကျောင်းတွေဆက်တက်၊ ဘွဲ့တွေထပ်ယူဖို့အထိလုပ်တော့မယ်လို့ဆိုပါတယ်။ ပရိသတ်တွေအနေနဲ့လည်း ဒီကာလက အလုပ်တွေမလုပ်ရလို့ စိတ်ဓါတ်တော့ ကျမသွားစေချင်တဲ့အကြောင်းရယ်၊ အကျိုးရှိတာတွေ ကိုယ့်အတွက်ယူပြီးတော့ နေထိုင်သွားဖို့ကိုလည်း ဆန္ဒပြုခဲ့ပါတယ်။