မိန်းမနဲ့အတူ ဈေးရောင်းLive တွေလွှင့်နေရင် အပြင်မှာလိုပဲလင်မယားနှစ်ယောက် ရန်ဖြစ် ရင်ဖြစ်နေတတ်တာ ၊ သရုပ်ဆောင်သာဖြစ်တာ အပြင်မှာ အရှိအတိုင်းပဲနေ တတ်တော့ မိန်းမက ဟန်ဆောင်ပါဦးဆိုပြီးအမြဲဆူခံရတယ် - ကိုပေါက်
သရုပ်ဆောင်ဒါရိုက်တာ ကိုပေါက်ကတော့ ရုပ်ရှင်လုပ်ငန်းတွေရပ်သွားချိန်မှာ အမျိုး သမီးရဲ့ စီးပွားရေးဖြစ်တဲ့အင်္ကျ ီဆိုင် လုပ်ငန်း အတွက် Live လွှင့်ပြီး ဈေးကူ ရောင်း ပေးဖြစ်ပြီး လုပ်ငန်းသဘောသဘာဝတွေကိုလဲ အသစ်သိရှိလာရတယ်လို့ဆိုပါတယ်။ Live တွေထဲမှာလဲ အရှိကိုအရှိအတိုင်း ဟန်မဆောင်ဘဲနေတတ်ပြောတတ်လို့ အဲအပိုင်းမှာတော့ အားနည်းချက်ရှိသေးတယ်လို့ကိုပေါက်ကခုလိုပြောပြပါတယ်။