"အနုပညာသမားဆိုတာလည်း ပြည်သူပဲမို့ နောက်ကွယ်မှာမိသားစုတွေရှိနေတာကြောင့် စားဝတ်နေရေးအတွက် တခြားအလုပ်တွေနဲ့ရှာဖွေစားသောက်နေရတာကို နားလည်ပေးကြပါ" လို့ဆိုလာတဲ့ ဝေလု
ကိုဗစ်ကြောင့် ကဏ္ဏအသီးသီးမှာ အခက်အခဲတွေဖြစ်ပြီး အလုပ်အကိုင်တွေလည်း ပျက်ရသလို အနုပညာသမားတွေဆိုလည်း ကားမရိုက်ရ၊ ပွဲမလုပ်ရတာတွေကြောင့် ငွေကြေးခက်ခဲမှုတွေဖြစ်ရတယ်လို့ဆိုပါတယ်။ အနုပညာသမားတွေရဲ့စိတ်က ရိုက်ကူးရေးမလုပ်ရရင် စိတ်ဓါတ်ကျကုန်ပြီးတော့ ဘာလုပ်လို့လုပ်ရမှန်းမသိတော့တဲ့အချိန်မှာ စားဝတ်နေရေးအတွက် တခြားအလုပ်တွေနဲ့ရှာဖွေစားသောက်နေရတာကို နားလည်ပေးကြဖို့ကို အခုလိုပဲပြောပြခဲ့ပါတယ်။