အကယ်ဒမီ ဦးကျော်သူ ရဲ့ ၆၁ နှစ်ပြည့်မွေးနေ့ အတွက် ဇာတ်လမ်း ဇာတ်ညွှန်း မိုးနီလွင်ပြောတဲ့ အမှတ်တရ စကား

အကယ်ဒမီ ဦးကျော်သူ ရဲ့ ၆၁ နှစ်ပြည့်မွေးနေ့ အတွက် ဇာတ်လမ်း ဇာတ်ညွှန်း မိုးနီလွင်ပြောတဲ့ အမှတ်တရ စကား
Published 3 November 2020

" ကျွန်တော် ၉ တန်း ၁၀ တန်း အရွယ်တုန်း က ဦးကျော်သူ အရမ်းအောင်မြင်နေတဲ့ အချိန်ပေါ့. ကျွန်တော် က ဦးကျော်သူ ရဲ့ သရုပ်ဆောင် မှု ကို အရမ်းကြိုက်တော့ သူ့ဇာတ်ကားတွေ ကို မလွှတ်တမ်း ကြည့်တာ. မှတ်မှတ်ရရ ဆိုရင်ချစ်ကြိုးလေး နှစ်မျှင်ဇာတ်ကား က စကြည့်ခဲ့တာ. အဲဒီဇာတ်ကား မှာ ဦးကျော်သူ က မင်းသားသစ်လို့ မထင်ရလောက်အောင် သရုပ်ဆောင်တာ သဘာဝ ကျပြီး ပီပြင်တယ် သူက အဲဒီဇာတ်ကား မှာ နှစ်ကိုယ်ခွဲ သရုပ်ဆောင်ထားတာပါ အဖြူအမဲခေတ်ပေါ့ ဦးကျော်သူ ရဲ့ ဖက်ရှင်လွယ်အိတ် လွယ်တဲ့ ပုံစံ. ပုဆိုးဝတ်တဲ့ စတိုင်တွေ ကို လိုက်လုပ် လိုက်ဝတ်ခဲ့ရတယ်''

Most Viewed

Most Recent