■ ၂၀၁၅ ခုနှစ်က အင်တာဗျူးတစ်ခုမှာ ကော်မရှင်က ရွေးကောက်ပွဲ Resultကို ကြေညာလိုက်ပြီဆိုတာနဲ့ လက်ခံရမယ့်သဘော ကျွန်တော်ပြောခဲ့တာရှိတယ်။ အခုဆိုရင် ကျွန်တော်တို့ သတိထားရမယ့်အခြေအနေဖြစ်လာပြီ၊ ဒါမျိုးတွေမဖြစ်စေချင်ဘူး။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်( တပ်မတော်ကာကွယ်ရေးဦးစီးချုပ်)
နိုဝင်ဘာလ ၃ရက်နေ့က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ရန်ကုန်အခြေစိုက် ပေါ်ပြူလာနယူးစ်ဂျာနယ်တို့ ပြုလုပ်သည့် ရုပ်သံ အင်တာဗျူးအစီအစဉ်တွင် ပြောကြားချက်များအား ပေါ်ပြူလာနယူးစ်ဂျာနယ်တာဝန်ရှိသူထံမှ ခွင့်ပြုချက်တောင်းခံပြီး ထုတ်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။