စိန်နန်းတော်ရဲ့ ရတနာပစ္စည်းတွေ အွန်လိုင်းကနေရောင်းချပေးတဲ့ Facebook liveမှာ မော်ဒယ် သရုပ်ဆောင် ပိုင်တံခွန်

စိန်နန်းတော်ရဲ့ ရတနာပစ္စည်းတွေ အွန်လိုင်းကနေရောင်းချပေးတဲ့ Facebook liveမှာ မော်ဒယ် သရုပ်ဆောင် ပိုင်တံခွန်
Published 9 November 2020

စိန်နန်းတော်ရဲ့ ရတနာပစ္စည်းတွေ အွန်လိုင်းကနေရောင်းချပေးတဲ့ Facebook liveမှာ မော်ဒယ် သရုပ်ဆောင် ပိုင်တံခွန်ကတော့ ထက်ထက်မိုးဦးနဲ့အတူ ရောင်းချပေးခဲ့ပြီး အဲ့ဒီ liveကို ကြည့်ခဲ့ကြတဲ့ အနုပညာရှင်နှစ်ဦးလုံးရဲ့ ပရိသတ်တွေကတော့ သူတို့ချစ်တဲ့သူနှစ်ယောက်ကို တစ်စုတစည်းထဲမြင်တွေ့ခဲ့ရတဲ့အတွက် ကျေနပ်ပျော်ရွှင်ခဲ့ကြရပါတယ်။ ဒါပေမယ့် သရုပ်ဆောင် ပိုင်တံခွန် ကတော့ ဒီလို live လွှင့်ရင်းဈေးရောင်းခဲ့တာက သူ့အတွက် ပထမဦးဆုံးနဲ့နောက်ဆုံးဖြစ်တယ်လို့ဆိုပါတယ်။ ကိုဗစ်ကာလအတွင်း သူ့ရဲ့အနုပညာလှုပ်ရှားမှုအခြေအနေကိုတော့အခုလိုပဲပြောပြခဲ့ပါတယ်။