နိုဝင်ဘာ ၁၀ ရက် နံနက်ခင်း သတင်းအစီအစဉ် 

နိုဝင်ဘာ ၁၀ ရက် နံနက်ခင်း သတင်းအစီအစဉ် 
Published 10 November 2020

■ COVID-19 ရောဂါကာလ ကန့်သတ်ချက်များကြောင့် မဲမပေးနိုင်ခဲ့သည့် ပြည်သူတွေကို တောင်းပန်ကြောင်း၊ အခြေခံပြည်သူများအတွက် စတုတ္ထအကြိမ် ပံ့ပိုးခြင်းအစီအစဉ်ကို ရက်သတ္တပတ်အတွင်း လုပ်ဆောင်မည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

■ ရန်ကုန်တိုင်းတွင် ဆန္ဒမဲပေးခွင့်ရှိသူ ၆၁ သိန်းကျော်အနက် ကြိုတင်မဲ ၈ သိန်း ၆ သောင်းကျော် ရရှိခဲ့ကြောင်း တိုင်းကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ပြောကြား

■ ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရုံးချုပ်ရှေ့တွင် ပါတီထောက်ခံသူများ အများအပြား အောင်ပွဲခံ

■ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ နိုဝင်ဘာ ၉ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ COVID-19 ရောဂါ အတည်ပြုလူနာ ၅၉၈ ဦး ထပ်မံတွေ့ရှိရပြီး သေဆုံးသူ စုစုပေါင်း ၁၄၃၇ ဦးအထိ ရှိလာ

Most Viewed

Most Recent