ဝင်ငွေအရမ်းချမ်းသာလို့မဟုတ်ပေမယ့် ဒီချိန်ကအရမ်းခက်ခဲကြတဲ့အချိန်မို့ လိုတဲ့နေရာတွေကို အထုပ်ဖြည်လှူတယ် ၊ ကိုယ်ချင်းစာလို့ ဒီချိန်မှာပိုပြီးလှူဖြစ်တယ် - ခန့်စည်သူ
အလှူဒါနများကို တစ်ဦးတည်းဖြစ်စေ ၊ အသင်းအဖွဲ့နဲ့ဖြစ်စေ အမြဲမပြတ် လှူဒါန်းနေကြဖြစ်တဲ့ သရုပ်ဆောင် ခန့်စည်သူကတော့ ကိုဗစ်ကာလမှာ အရင်ထက် ပိုပြီးလှူဒါန်းဖြစ်နေကာ အလှူကိစ္စများနဲ့အပြင်မထွက်တဲ့နေ့မရှိသလောက် ကို နိုင်သလောက် လှူဒါန်းရတာကို ကျေနပ်တယ်လို့ ခုလိုပြောပြခဲ့ပါတယ်။