မားကပ်စ်သူရမ်ရဲ့ ဖခင်ဖြစ်သူ လီလီသူရမ်ဟာ ပြင်သစ်လက်ရွေးစင်အသင်းနဲ့ ၁၉၉၈ ကမ္ဘာ့ဖလား၊ ယူရို-၂၀၀၀ နဲ့ ၂၀၀၃ ကွန်ဖက်ဒရေးရှင်းဖလားတွေရယူခဲ့ပြီး ဘောလုံးကမ္ဘာရဲ့ ဂန္ထဝင်နောက်ခံလူတွေထဲကတစ်ဦးဖြစ်ခဲ့တယ်။ ဒီတော့ မားကပ်စ်သူရမ်အတွက် ဖခင်ရဲ့အရှိန်အဝါက ကြီးမားတဲ့ အတားအဆီးဖြစ်ခဲ့တယ်။ ဒါပေမဲ့ လက်ရှိမှာ မားကပ်စ်သူရမ်ရဲ့ ကိုယ်ပိုင်အရည်အသွေးနဲ့ ပေါက်ကွဲထွက်လာမှုက ဥရောပအသင်းကြီးတွေအတွက် မျက်စိကျစရာဖြစ်လာခဲ့ပါတယ်။ ဒီအချိန်မှာ မားကပ်စ်သူရမ်တစ်ယောက် သူ့ ကစားသမားဘဝရဲ့ ရည်မှန်းချက်တစ်ခုဖြစ်တဲ့ ပြင်သစ်လက်ရွေးစင်အသင်းကို ကိုယ်စားပြုခွင့်ရခဲ့ပါပြီ။ လီလီသူရမ်အလွန်မှာ မားကပ်စ်သူရမ်ဟာ ပြင်သစ်အတွက် မျှော်လင့်ချက်အသစ်ဖြစ်လာမလားဆိုတာ . . .