■ ဂွါဒီယိုလာ၊ မက်ဆီနဲ့ ခေတ်တစ်ခေတ်ကို အတူဆွဲဆန့်ခြင်း
မက်ဆီ မရှိရင် ဘာစီလိုနာတစ်ခေတ်ဆိုတာ မရှိ၊ ဂွါဒီယိုလာ မရှိရင် ဘာစီလိုနာ တစ်ခေတ်ဆိုတာ မရှိ၊ မက်ဆီ မရှိရင် ဂွါဒီယိုလာရဲ့ ချန်ပီယံလိဂ်အောင်မြင်မှုဆိုတာ မရှိ၊ အဲဒီလိုစွပ်စွဲရင် ဘယ်သူတွေ ငြင်းဆန်ချင်ပါသလဲ။ ဘောလုံးအားကစားနည်းမှာ သူရဲကောင်းဝါဒ အမြဲတမ်း မရှင်သန်နိုင်ပေမဲ့ အလင်းလက်ဆုံး ပါရမီနှစ်ခု ပေါင်းဖက်ခန်းဟာ ဂန္ထဝင်ဆန်တဲ့ ရှူမျှော်ခင်းဖြစ်ခဲ့တယ် မဟုတ်လား။ စိတ်ကူးယဉ်ခြင်းဟာ အတိုင်းအဆမဲ့ ကျယ်ပြန့်လို့ ဂွါဒီယိုလာနဲ့ မက်ဆီတို့ရဲ့ ဒုတိယအကြိမ် ပေါင်းဖက်ခန်းဟာ အရသာသိပ်ရှိမဲ့ စိတ်ကူးယဉ်ခြင်း တစ်မျိုးပါပဲ။
ခေတ်ကုန်စပြုနေပြီဆိုတဲ့ သံသယတွေကို ဂွါဒီယိုလာရော၊ မက်ဆီပါ ထိုးခွဲချင်နေလိမ့်မယ်။ ဂွါဒီယိုလာနဲ့ မက်ဆီတို့ရဲ့ ခေတ်တစ်ခေတ်ကို အတူဆွဲဆန့်ခြင်းဇာတ်လမ်းကို မန်စီးတီးမှာ မြင်ရမလား။