■ နေပယ်မြို့ထဲက ဂျစ်ဆောတစ်ယောက် (သို့မဟုတ်) ဒီယေဂိုမာရာဒိုနာ

■ နေပယ်မြို့ထဲက ဂျစ်ဆောတစ်ယောက် (သို့မဟုတ်) ဒီယေဂိုမာရာဒိုနာ
Published 28 November 2020

ဒီယေဂိုမာရာဒိုနာ..။ ဘောလုံးလောကရဲ့ အကြီးကျယ်ဆုံးသော အမည်နာမတွေထဲကတစ်ခု.။ ဘဝမှာ အမြဲတမ်း သူရဲကောင်းဆန်ဆန် နေထိုင်ဖို့မလွယ်ဘူးဆိုတာကို မကောင်းမှုတွေ အကြိမ်ကြိမ် ကျူးလွန်ပြရင်း အရိုင်းဆန်ဆန် ဗီလိန်ဘဝကို ကျေနပ်စွာခံယူနေတဲ့သူ။ (၂၀)ရာစုရဲ့ အကောင်းဆုံးဘောလုံးသမားအဖြစ် ပီလီကို ကျော်ဖြတ်ပြီး ရွေးချယ်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။ မာရာဒိုနာရဲ့ဘဝကို ခွဲခြမ်းကြည့်လိုက်မယ်ဆိုရင် ဘောလုံး၊ မူးယစ်ဆေးနဲ့ မိန်းမတွေပဲ ရလိမ့်မယ်လို့တောင် ပြောစမှတ်တွင်ခဲ့သူ ဖြစ်ပါတယ်။

တစ်ခါက မာရာဒိုနာ ပြောဖူးခဲ့တယ်။ " ကျွန်တော့်အမေက သူ့ရဲ့သားက ကမ္ဘာပေါ်မှာအကောင်းဆုံးလို့ အမြဲတွေးတယ်။ အမေ့စကားကို လူတွေလက်ခံလာအောင် လုပ်ရင်း အခုလို အခြေအနေရောက်လာတာပါ " တဲ့။

လူအများစု သူ့ကို သမုတ်ကြတဲ့ ပါရမီရှင်၊ ဂျစ်ဆော၊ ဘဝကိုပျော်သလိုနေတတ်သူ၊ စည်းစနစ် မရှိသူဆိုတဲ့ နာမည်တွေကို ဂရုမစိုက်ဘဲ ဘဝကို ပျော်မွေ့သလို ဖြစ်သန်းခဲ့သူဖြစ်ပါတယ်။