ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖရေဆာကျွန်းတွင် လောင်ကျွမ်းနေသည့် တောမီးများက ၎င်းကျွန်းပေါ်ရှိ ပင်လယ်ကမ်းခြေ ဒေသကိုပါ ခြိမ်းခြောက်လာ
သြစတြေးလျနိုင်ငံရှိ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖရေဆာကျွန်းပေါ်က ပင်လယ်ကမ်းခြေဒေသ တစ်ခုအနီးကို တောမီးတွေ ကူးစက်ပျံ့နှံ့လာတာကြောင့် ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွေက ဒီဇင်ဘာ ၆ ရက်မှာ ညွှန်ကြားခဲ့ရပါတယ်။