ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တတိယလှိုင်းနှင့် ရင်ဆိုင်နေရသည့် တောင်ကိုရီးယားတွင် ဆေးစစ်မှုများကို အရှိန်မြှင့် လုပ်ဆောင်ရန် သမ္မတမွန်ဂျေအင်း ညွှန်ကြား
တောင်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တတိယလှိုင်းကို ထိန်းချုပ်ဖို့ ရုန်းကန်နေရချိန်မှာပဲ ဆေးစစ်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်ပြီး ရောဂါပိုးရှိသူနဲ့ ထိတွေ့ဆက်ဆံမှုတွေကို ပိုမိုစေ့စပ်သေချာစွာ ခြေရာခံဖော်ထုတ်သွားဖို့ သမ္မတ မွန်ဂျေအင်းက ဒီဇင်ဘာ ၇ ရက်မှာ တိုက်တွန်းခဲ့ပါတယ်။