ယူရိုပါလိဂ် ကစားရတော့မယ့် မန်ချက်စတာယူနိုက်တက်၊ နူးကမ့်မှာ မက်ဆီကို အလဲထိုးတဲ့ စီရော်နယ်လ်ဒို
PSG ၊ လိုက်ပ်ဇစ်တို့နဲ့ှနှစ်ပွဲမှာ သရေတစ်မှတ်ရရင် ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ လွတ်မြောက်ခွင့်ရမှာဖြစ်ပေမယ့် မန်ချက်စတာယူနိုက်တက် အခွင့်အရေးမယူနိုင်ခဲ့ဘူး။ ဆိုးလ်ရှားက ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ သရေတစ်မှတ်မျှော်ကိုးပြီး မကစားဘူးလို့ ပြောခဲ့ပေမယ့် တကယ်တမ်းကစားတော့ ကြောက်စိတ်တွေ ကြီးစိုးနေတာတွေ့ရတယ်။ PSG နဲ့ ပထမအကျော့တုန်းကလို တဲလက်စ်နဲ့ ဘစ်ဆာကာကို Wing Back ပုံစံနဲ့ ခံစစ်နှစ်ထပ်ကာပြီး လိုက်ပ်ဇ်ရဲ့ လျင်မြန်တဲ့တိုက်စစ်ကို ထိန်းချုပ်ဖို့ ရည်ရွယ်ခဲ့ပေမယ့် အသင်းရဲ့ ဟန်ချက်ပျက်သွားတာပဲ အဖတ်တင်ခဲ့တယ်။