အမေရိကန်ကာကွယ်ဆေး အတိုင်ပင်ခံအဖွဲ့က ဖိုင်ဇာကုမ္ပဏီထုတ် ကာကွယ်ဆေးကို မကြာခင် အတည်ပြုပေးမည်ဟု ကုမ္ပဏီက မျှော်လင့်နေ
ဖိုင်ဇာကုမ္ပဏီဟာ အခုသီတင်းပတ်ထဲမှာပဲ အမေရိကန်ကာကွယ်ဆေး အတိုင်ပင်ခံအဖွဲ့နဲ့ အလွန်လေးနက်တဲ့ အစည်းအဝေးတစ်ခု ပြုလုပ်ဖို့ မျှော်လင့်ထားတယ်လို့ ဒီဇင်ဘာ ၈ ရက်မှာ ဖိုင်ဇာအမှုဆောင်ချုပ် အယ်လ်ဘတ်ဘူးလားက ပြောကြားလိုက်ပြီး မိမိကုမ္ပဏီရဲ့ အလားအလာရှိ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို အတည်ပြုဖို့ ပြင်ပ ပညာရှင်တွေကို အားကိုးသွားမယ်လို့လည်း ဆိုပါတယ်။