ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုနှုန်းမြင့်တက်နေသည့် တောင်ကိုရီးယားတွင် ကျောင်းများပိတ်ထားရန် အမိန့်ထုတ်
တောင်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ပျံ့နှံ့ချိန်မှစ၍ ဗိုင်းရပ်စ်ကူးစက်မှုနှုန်းအမြင့်ဆုံးဖြစ်နေတာကြောင့် ဆိုးလ်မြို့တော်နဲ့ အနီးတစ်ဝိုက်နေရာတွေမှာရှိတဲ့ စာသင်ကျောင်းတွေကို ဒီဇင်ဘာလ ၁၅ ရက်မှာ စတင်ပြီး ပိတ် သွားရန်အမိန့်ထုတ်ပြန်ခဲ့ပါတယ်။