အမေရိကန်တွင် တစ်ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူသစ်၂၅၀၀၀၀ ကျော်နှင့် သေဆုံးသူ ၃၇၀၀ ကျော် ရှိခဲ့ပြီး နေ့အလိုက် ကူးစက်/သေဆုံးမှု စံချိန်သစ်တင်
ဒီဇင်ဘာ ၁၆ ရက်နေ့ တစ်ရက်တည်းမှာပဲ အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူသစ် ၂သိန်း၅သောင်းကျော်နဲ့ သေဆုံးသူ ၃၇၀၀ ကျော် ရှိခဲ့ပြီး နေ့အလိုက် ကူးစက်မှုအရရော သေဆုံးမှုမှာပါ စံချိန်သစ်တင်ခဲ့တယ်လို့ ဂျွန်ဟော့ကင်း တက္ကသိုလ်က ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။