မက်ဒရစ်ရဲ့ အသံတိတ်သမိုင်းတစ်ခု

မက်ဒရစ်ရဲ့ အသံတိတ်သမိုင်းတစ်ခု
Published 21 December 2020

မက်ဒရစ်ရဲ့ အသံတိတ်သမိုင်းတစ်ခု

(၂၁)ရာစုအတွက် ခင်ဗျားတို့သတ်မှတ်ထားတဲ့ လက်ရှိထင်ကျန်နေဆဲ ဂန္ထဝင်တိုက်စစ်မှူးတွေရဲ့ အမည်နာမကိုချရေးကြည့်ပါဦး။ မက်ဆီ၊ စီရော်နယ်လ်ဒိုကစလို့ အီဘရာဟီမိုဗစ်ချ်၊ ကာဗာနီ၊ ဆွာရက်ဇ်၊ အဂွဲရိုး၊ လီဝန်ဒေါစကီး . . . အားလုံးဟာ သွင်းဂိုးပေါင်းများစွာ၊ ဆုတံဆိပ်ပေါင်းများစွာ၊ ဆုဖလားပေါင်းများစွာနဲ့ အသုံးတော်ခံခဲ့ကြတယ်။ မော်ဒန်ဘောလုံးရဲ့ တကယ့်ရွှေအိုရင်အနှစ်သာရတွေပါပဲ။ ဘန်ဇီမာကလည်း ဒီရွှေအိုရောင်အနှစ်သာရတွေထဲက တစ်ဦးပေါ့။ လိုင်ယွန်ကအစပြုလို့ မက်ဒရစ်မှာ ထိုက်တန်တဲ့သမိုင်းသစ်တွေကို ဘန်ဇီမာ ခပ်ရဲရဲရေးထိုးခဲ့ပါတယ်။ ပြောရရင် ဘောလုံးကမ္ဘာအတွက် တာဝန်ကျေခဲ့သူပါပဲ။ သူရဲကောင်းဆိုတာ ကိုယ်ရှင်သန်ရာပတ်ဝန်းကျင်မှာတော့ မရှိလို့ မဖြစ်ဘူးဆိုတဲ့ပုံရိပ်မျိုး၊ တသသ သတိရနေမယ့် စွမ်းဆောင်ရည်မျိုးကို သမိုင်းအဖြစ်ချန်ထားခဲ့သင့်တာပဲမဟုတ်လား။ ဒါဟာ ဘန်ဇီမာပဲဖြစ်ပါတယ်။ မက်ဒရစ်မှာ တည်ရှိနေဆဲဖြစ်တဲ့ အသံတိတ်သမိုင်းတစ်ခုပေါ့.. ။

Most Viewed

Most Recent