The Voice Myanmar Season(3) မှာ Winnerဆုရရှိခဲ့တဲ့ ပြိုင်ပွဲဝင် “N Oo L” ကတော့ ကဗျာဆရာ “သစ်ခက်အိမ်” နဲ့ စာရေးဆရာမ “ဝေ” (စီးပွားရေတက္ကသိုလ်) တို့ရဲ့ သားဖြစ်ပြီး သူ့အနေနဲ့ အနုပညာကိုမြတ်နိုးတဲ့ မိသားစုကနေ ပေါက်ဖွားလာသူပီပီ သီချင်းတွေကိုချစ်တတ်တဲ့သူတစ်ဦးဖြစ်တာကြောင့် ပြိုင်ပွဲအပြီးကာလကနေစတင်လို့ရှေ့ဆက်ပြီး ဂီတလမ်းကြောင်းမှာလျှောက်လှမ်း သွားဖို့ စိတ်ကူးထားတဲ့အကြောင်းအရာတွေကိုအခုလိုပဲပြောပြလာခဲ့ပါတယ်။ အားပေးခဲ့ကြတဲ့ ညီအစ်ကိုမောင်နှမတွေအားလုံးကိုလည်း ကျေးဇူးတင်စကားဆိုလာရင်း ဂီတနဲ့ပတ်သက်လို့ လုပ်ဆောင်သွားမှာတွေကိုလည်း ပြောပြခဲ့ပါတယ်။
ကဗျာဆရာဖြစ်သူ ဖခင်အတွက်ရော၊ စာရေးဆရာမဖြစ်သူ မိခင်အတွက်ပါ အနုပညာနဲ့ပတ်သက်လို့ “စိတ်မပျက်စေရဘူး” လို့ကတိပေးခဲ့တဲ့ “N Oo L”