ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားပြည်သူများအား လုံးဝအထိမခံနိုင်တာကြောင့် လုံခြုံရေးကို အဓိကဦးစားပေးဆောင်ရွက်နေဟု နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဒုတိယကွပ်ကဲရေးမှူး ပြောကြား
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေအတွင်းမှာ တိုင်းရင်းသားပြည်သူလူထုကို လုံးဝအထိမခံနိုင်တာကြောင့် လုံခြုံရေးကို အဓိကဦးစားပေး ဆောင်ရွက်နေတယ်လို့ အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဒုတိယကွပ်ကဲရေးမှူး ရဲမှူးကြီး ထွန်းအောင်ကျော်က ပြောပါတယ်။