အီသီယိုပီးယားနိုင်ငံ တီဂရေးဒေသတွင် စစ်ရာဇဝတ်မှုများ ကျူးလွန်ခြင်းရှိ မရှိ စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂ ပြင်ဆင်နေ
အီသီယိုပီးယားနိုင်ငံ တီဂရေးဒေသမှာ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုနဲ့ လူနေထူထပ်တဲ့ ဧရိယာတွေဆီ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ ဖြစ်ရပ်တွေကို စုံစမ်းစစ်ဆေးဖို့အတွက် ကုလသမဂ္ဂက စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ဖွဲ့ စေလွှတ်ဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။