“ဘယ်သူကတော့ Winner မဖြစ်ချင်ပဲနေမှာလဲ၊ ဒါပေမယ့် ဆုရတဲ့သူအတွက် အရမ်းကိုပျော်ပေးနိုင်တယ်ဆိုတာ ညီမထားတဲ့ စိတ်တစ်ခုကြောင့်ပါ” – ခင်ရတနာစိုး
Myanmar Idol Season(3) သီချင်းဆိုပြိုင်ပွဲကြီးမှာ Blind Audition ကနေမှ Grand Finalပွဲကြီးအထိ မမျှော်လင့်ထားပဲ တစ်ဆင့်ပြီးတစ်ဆင့်တက်လာခွင့်ရသလို ပရိသတ်တွေကိုလည်း အကောင်းဆုံးဖျော်ဖြေမှုပေးနိုင်ခဲ့လို့ ပြိုင်ပွဲဝင် ခင်ရတနာစိုးကတော့ သူမကိုယ်သူမ ပီတိလည်းဖြစ်သလို ဂုဏ်လည်းယူတယ်လို့ဆိုပါတယ်။ ပရိသတ်တွေအနေနဲ့လည်း သူမကို ရင်ထဲက Winner အဖြစ် သတ်မှတ်အားပေးခဲ့ကြတာလည်းရှိတာကြောင့် အားလုံးအတွက် အနုပညာလမ်းကြောင်းပေါ်မှာရှိနေပြီး ကြိုးစားနေမယ့်အကြောင်းကို အခုလိုပဲပြောပါတယ်။