“အချစ်ဆုံးညီမလေး ဆုံးသွားတယ်ဆိုတာ မသိလိုက်ရဘူး၊ မသိအောင်ဖုံးထားကြတာ၊ အခုမှ သိလိုက်ရတော့ စိတ်မကောင်းအရမ်းဖြစ်တယ်” ဆိုပြီး အမျိုးသမီးရောဂါနဲ့ဆုံးသွားတဲ့ ညီမလေးအကြောင်းပြောပြခဲ့တဲ့ ခင်ရတနာစိုး
The Voice Myanmar Season(3) Grand Final ပြိုင်ပွဲပြီးပြီးချင်းနောက်နေ့မှာပဲ ပြိုင်ပွဲဝင် ခင်ရတနာစိုး ရဲ့ ချစ်ရတဲ့ ညီမဝမ်းကွဲလေးကတော့ အမျိုးသမီးရောဂါနဲ့ဆုံးပါးသွားခဲ့ပြီး ဒီအကြောင်းကိုလည်း သူမသိအောင် မိသားစုတွေကဖုံးထားကြတော့ အခုမှ သိလိုက်ရတဲ့အချိန်မှာ စိတ်မကောင်းအရမ်းဖြစ်ရတယ်လို့ဆိုပါတယ်။ အချစ်ဆုံးညီမလေးရဲ့ နောက်ဆုံးခရီးမှာတော့ သူမအနေနဲ့ရှိနေပေးနိုင်မလား၊ ဘယ်လိုမျိုးစီစဉ်ထားလဲဆိုတာကို အခုလိုပဲပြောပြလာခဲ့ပါတယ်။