အမေရိကန်ဒါရိုက်တာများအသင်း၏ ဆန်ခါတင်ဆုစာရင်းတွင် အယ်ဖွန်ဆိုကာရွန်၊ ဘရက်ဒလေကူးပါးနဲ့ စပိုက်လီတို့ပါဝင် (ရုပ်သံ)
ထူးချွန်သော ဒါရိုက်တာများကို ရွေးချယ်ပေးအပ်တဲ့ အမေရိကန်ဒါရိုက်တာများအသင်း DGA ရဲ့ ဆုပေးပွဲအတွက် ထုတ်ပြန်တဲ့ဆန်ခါတင်ငါးဦး စာရင်းထဲမှာ အယ်ဖွန်ဆိုကာရွန်၊ ဘရက်ဒလေကူးပါးနဲ့ စပိုက်လီတို့ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။